အကြောင်းအရာ
2-GO Packaging ကို အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တွေက စတည်ခဲ့တာ ဖြစ်ပါတယ်။ (Sushi Avenue Holding Inc www.sushiavenue.com ရဲ့ စီအီးအိုနဲ့ ဥက္ကဌဖြစ်တဲ့) နေလှ ဖြစ်ပါတယ်။ သူနဲ့ လုပ်နေတဲ့ လုပ်ငန်းရှင်တွေတော့ (Sushi Avenue Holding Inc www.sushiavenue.com ရဲ့ စီအိုအိုဖြစ်တဲ့) နေလင်း၊ မြန်မာနိုင်ငံက မျိုးထွန်း၊ အောင်မင်းဝေနဲ့ နေထွန်းတို့ ဖြစ်ပါတယ်။
ကျနော်တို့ 2-GO Packaging ဟာ ထုတ်ပိုးမှုနဲ့ပတ်သက်ရင် ဆန်းသစ်တဲ့အဖြေတွေကို ရှာပေးပါတယ်။ လူကြီမင်းတို့ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်တွေအတွက် ပလက်စတစ်ကို အပူပေးပြီး ပုံစံသွင်း ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့်လို့
စျေးကွက်ပေါက်စျေးထက် ပိုမယူပါဘူး။ ဆန်းသစ်တဲ့ဒီဇိုင်း၊ ကောင်းမွန်တဲ့ရည်အသွေး၊ ပထမတန်းစားဝန်ဆောင်မှုတွေကတော့ ကျနော်တို့ဆီက လူကြီးမင်းတို့ ရမယ့်အရာတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဂုဏ်ယူတဲ့အချက်က 2-GO Packing က ကုန်ပစ္စည်းတွေဟာ ပြန်ပြင်သုံးလို့ရလို့ပါပဲ။ လူကြီးမင်းကိုလည်း အတူတူ ဂုဏ်ယူဖို့ ဖိတ်ခေါ်ပါရစေ။ ပြန်ပြင်သုံးလို့ရတဲ့ ပစ္စည်းတွေကို ပိုသုံးပြီးတော့ လူကြီးမင်းတို့ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတရားတွေရှိကြောင်း စျေးလာဝယ်သူတွေကို ပြလိုက်ပါ။ ဒီနည်းလမ်းအတိုင်းပဲ လူကြီးမင်တို့ရဲ့လုပ်ငန်းကို တန်ဖိုးတွေ ထပ်မံပေါင်းထည့်နိုင်ဖို့ ကြိုးစားနေပါတယ်။
2-GO Packaging ရဲ့ ရုံးချုပ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါပြီးတော့ စတုရန်းပေ ၂၇၅,၀၀၀ ကျယ်ဝန်းတဲ့နေရာမှာ ထုတ်လုပ်ရေးစက်ရုံနဲ့ ပစ္စည်းသိုလှောင်မယ့်အဆောက်အဦးတွေ ရှိပါတယ်။

