top of page
စျေးသက်သာပြီးတော့ အရည်အသွးကောင်းမွန်တဲ့ထုတ်ပိုးပစ္စည်းများ
လူကြီးမင်းရဲ့ အစားအသောက်အတွက် ပြန်ပြင်သုံးလို့ရတဲ့ ထုတ်ပိုးပစ္စည်းတွေကို ရှာနေရင်တော့ 2-GO Packaging ကိုဆက်သွယ်ပြီး လူကြီးမင်း စိတ်ထဲရှိနေတဲ့ ပုံစံတစ်ခုခုကို ပြောကြည့်လိုက်ပါ။ ဘာမှအသင့်မရှိတဲ့ အနေအထားကနေစပြီး ပုံစံတစ်ခုဖြစ်လာအောင် ဆွဲပေးပါ့မယ်။ ထုတ်လုပ်တဲ့အခါ စည်းမျဥ်း ၃ ရပ်ကို လိုက်နာပါတယ်။ အစားအသောက်အရဲ့ မူရင်းအရသာနဲ့အရည်အသွေးကို မပျက်စေရဘူး။ စင်ပေါ်မှာ သက်တမ်း ပိုပြီးကြာကြာ ခံရမယ်။ ထုတ်ပိုးမှုဒီဇိုင်းဟာ စင်ပေါ်မှာ ဆွဲဆောင်မှုရှိပြီး ထင်းနေရမယ်။.
ဒီဇိုင်းဆွဲခြင်း
လူကြီးမင်းရဲ့ ထုတ်ပိုးမှုပုံစံလိုအပ်ချက်ကိုသာ ပြောလိုက်ပါ။ ကျနော်တို့ရဲ့ ကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေက ဘယ်လိုပုံစံမျိုးထုတ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းဖန်တီးတာကနေစပြီးတော့ ဒီဇိုင်းဆွဲတာကို ဆက်လုပ်သွားပါ့မယ်။ ကုန်ကျနိုင်တဲ့စရိတ်တွေအားလုံးကို လူကြီးမင်းကို ပြောပြပါ့မယ်။ ဒါပေမယ့် မပူပါနဲ့။ အဲဒါက ပေးကိုပေးရမယ်ဆိုတဲ့ ကတိဝန်ခံချက် တောင်းတာမဟုတ်ပါဘူး။ လူကြီးမင်းက ထုတ်မယ်လို့ မဆုံးဖြတ်မချင်းဆုံး ဘာမှကြိုမပေးရပါဘူး။
ထုတ်မယ့်ပစ္စည်းကို ပုံစံသွင်းခြင်းနဲ့ ပုံစံသွင်းကိရိယာကို တည်ဆောက်ခြင်း
ဒီအဆင့်မှာတော့ ကျနော်တို့ရဲ့ အင်ဂျင်နီယာတွေဟာ သဘောတူထားပြီးဖြစ်တဲ့ ပုံစံအတိုင်း ပုံသွင်းကိရိယာတစ်ခု ကို ရသတ္တပတ် ၆ ပတ်ကနေ ၈ ပတ်ကနေအတွင်းမှာ တည်ဆောက်ပါတယ်။
ပုံစံကိုအစမ်းထုတ်ကြည့်ခြင်း
လူကြီးမင်းရဲ့ နောက်ဆုံးကုန်ချောနဲ့ အနီးစပ်ဆုံးတူတဲ့ ပုံစံအစမ်းတစ်ခုကိုတည်ဆောက်ဖို့ ကျနော်တို့ကို ရသတ္တပတ် ၅ ပတ် ပေးပါ။ အစမ်းပုံစံတွေအားလုံးကို စက်ရုံမှာဘဲ အစအဆုံးလုပ်ပြီးတော့ နောက်ဆုံးကုန်ချောမှာသုံးမယ့် ကုန်ကြမ်းပစ္စည်းတွေကိုပဲ သုံးပါတယ်။ အဲဒါကြောင့် လူကြီးမင်းအနေနဲ့ နောက်ဆုံးကုန်ချောရဲ့ အရွယ်အစားနဲ့ ပုံစံက ဘယ်လိုဖြစ်မလဲဆိုတာကို အကဲဖြတ်ဖို့ အခွင့်အရေး ရပါတယ်။
ထုတ်လုပ်ခြင်း
စပြီးထုတ်လုပ်တဲ့အချိန်ကစလို့ ကျနော်တို့ရဲ့ အရည်အသွေးထိန်းချုပ်ရေးအဖွဲ့က အသေးစိတ်သတ်မှတ်ချက်တွေ အတိုင်း မသွေသတိမ်းဖြစ်အောင် အနီးကပ်စောင့်ကြည့်နေပါတယ်။ ထုတ်လုပ်မှုအပိုင်းနဲ့ လိုအပ်တဲ့ကုန်ကြမ်း ပစ္စည်းတွေကို ပံ့ပိုးပေးရင်းနဲ့ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေအတိုင်း ဆက်ပြီး ဆက်ပြီးလုပ်နေပါတယ်။
bottom of page