top of page
2-GO Packaging မှကြိုဆိုပါတယ်!
2-GO Packaging ဟာ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ပလက်စတစ်နဲ့လုပ်ထားတဲ့ထုတ်ပိုးရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ (Styrofoam) လို့ခေါ်တဲ့ ဖောင်းကြွဖော့တုံးတွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်ထည့်စရာတွေကို ပြန်ပြင်ပြီးအသုံးပြုလို့ရတဲ့ ပလက်စတစ် ထည့်စရာတွေနဲ့ အစားထိုးဖို့ ရည်မှန်းထားပါတယ်။ ဖောင်းကြွဖော့တုံးတွေဟာ စျေးသက်သာတဲ့အတွက် အစားအသောက်လောကမှာဆိုရင် ထုတ်ပိုးရေးပစ္စည်းအဖြစ် အခုအချိန်ထိ ရေပန်းစားတုန်းပါ။ သူတို့ဟာ ထုတ်လုပ်တဲ့စရိတ် သက်သာပေမယ့်လည်း ကောင်းကောင်းပြန်ပြင်သုံးလို့မရပါဘူး။ အကျိုးဆက်ကတော့ အမှိုက်တွင်းတွေထဲကို ရောက်သွားတာပါပဲ။
ထုတ်လုပ်ရေးပိုင်းကို အစကနေအဆုံးထိ ကျနော်တို့ တာဝန်ယူပေးပါတယ်။ ဘယ်လိုပုံစံမျိုးထုတ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းဖန်တီးတာကနေ ပုံစံကိုအစမ်းထုတ်ကြည့်တာ၊ ထုတ်မယ့်ပစ္စည်းကို ပုံစံသွင်းတာ၊ အချောထုတ်လုပ်တာထိ အဆင့်တွေအားလုံးကို လုပ်ပေးပါတယ်။ အစားအသောက်ထုတ်ပိုးရေးပစ္စည်းတွေ၊ ဗန်းတွေ၊ နှစ်ဖက်ပိတ်ဗူးတွေနဲ့ အခြားထည့်စရာတွေကို ကုန်ပစ္စည်းတစ်မျိုးတည်းအတွက် အရေအတွက်များများဖြစ်စေ၊ ကုန်ပစ္စည်းအမျိုးမျိုးနဲ့လိုက်ဖက်မယ့်ပုံစံတွေဖြစ်စေ ထုတ်လုပ်ပေးပါတယ်။
အသင့်စားဖွယ်၊ မီးကင်၊ သရေစာ၊ အသုတ်။ ဘယ်လိုအစားအသောက်မျိုးပဲ ဖြစ်ဖြစ်။ လူကြီးမင်းရဲ့ စားသောက်ကုန်ကို စင်ပေါ်ကအမျိုးစုံလင်လှတဲ့ အစားအသောက်တွေကြားမှာ မှိန်နေတာမျိုး ဖြစ်ချင်မှာ မဟုတ်ဘူး။ လူကြီးမင်းရဲ့ စားသောက်ကုန်ကို မှန်ကန်တဲ့ ထုတ်ပိုးမှုသာလုပ်ထားရင်တော့ စင်ပေါ်မှာ ထင်းနေမှာပဲ။ အဲဒီအတွက် ကျနော်တို့ကို ယုံကြည်စွာ အပ်နှင်းလိုက်ပါ။ လူကြီးမင်းရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အရည်အသွေးမြင့် ထုတ်ပိုးမှုကို ကျနော်တို့ ရှာပေးပါရစေ။ ကုန်ပစ္စည်းတစ်မျိုးတည်းအတွက် အရေအတွက်အများကြီးလား၊ ကုန်ပစ္စည်းအမျိုးမျိုးနဲ့လိုက်ဖက်မယ့်ပုံစံတွေ လုပ်ပေးရမလား။ စိတ်သောကတွေ ထားခဲ့လိုက်တော့။ လူကြီးမင်းအတွက် ကိုက်ညီတဲ့ ထုတ်ပိုးမှုကို ဘာမှအသင့်မရှိသေးတဲ့အခြေအနေကနေ ဖန်တီးပေးနိုင်ပါတယ်။
၁၀၀ ရာခိုင်နှုန်း ပြန်ပြင်သုံးလို့ ရတဲ့ ပလက်စတစ်ဗန်းတွေနဲ့ ထည့်စရာတွေကို ဖော့တုံးနဲ့လုပ်ထားတဲ့ ပစ္စည်းတွေအတွက် ပေးရတဲ့စျေးလောက်နဲ့ ရနိုင်ပါတယ်။

bottom of page